ရန်ကုန် ပြည့်တန်ဆာလုပ်ငန်း ပေါက်ကွဲမှု – အသက်မပြည့်သေးသူများမဖတ်ရ

Image
ရန်ကုန်မှာ ပြည့်တန်ဆာ၊ ဖာ သယ်အလုပ် လုပ်ကိုင်စားနေရတဲ့ မိန်းခလေးတွေ အလွန်ပေါများလာနေပါတယ်။ အသက်မပြည့်သေးတဲ့ ခလေးတွေအများအပြားပါဝင်နေပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်လောက်အရွယ်လေးတွေအများအပြားပါဝင်နေပါတယ်။ ရန်ကုန်မှာ ပေါ်တင်နီးပါး ဖာတန်းတွေလဲ ပေါ်လာနေပါတယ်။ ရန်ကုန် ညဘက်မှာ ဆိုရင်၊ ကားလမ်းဘေးမှာ မိန်းခလေးတွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ တညလုံးခေါ်မှ တယောက်ကို ၃ သောင်း ၄ သောင်းဘဲပေးရပါတယ်။ ကိုယ့်မိဘအိမ်ကိုယ်နေတဲ့ ကျောင်းသူ အရွယ်လေးတွေလည်း ပြည်တန်ဆာလုပ်ကြပါတယ်။ အဆက်အသွယ်နဲ့ခေါ်လို့ရပါတယ်။ အရင်က တညလုံခေါ်အိပ်မှ ၁ သိန်းလောက်ဈေးပေါက်နေရာကနေအခုကအခါ ၇ သောင်း ၈ သောင်းလောက်အထိဈေးကျနေပါတယ်။ အဆက်အသွယ်တွေကနေတဆင့် ဗိုက်ဗာတို့ မက်ဆင်ဂျာတို့ကနေ ဓာတ်ပုံတွေပို့ပေးပါတယ်။ ကြိုက်တဲ့ကောင်မလေးကို ခေါ်လို့ရပါတယ်။ ပါကင်ဖေါက်တယ်ဆိုတာလဲ ရှိပါသေးတယ်၊ လိမ်ဆက်ဆံဖူးခြင်မရှိသေးတဲ့ အသက် ၁၄၊ ၁၅ ၁၆ အရွယ်ခလေးတွေကို သုံးလေး သိန်းပေးပြီး၊ ပျော်ပါး သူတွေလည်း ရှိပါတယ်။ တရုတ်တွေ နိုင်ငံခြားသားတွေ ဂျပန်တွေ ကိုရီးယားတွေကို ပါကင် ဖေါက်ဖို့ ဆိုပြီး ခလေးတွေကို သိန်း သုံးလေဆယ် နဲ့ ပြည်တန်ဆာလုပ်ခိုင်းတာတွေလဲရှိနေပါတယ်။ ...

ကမ္ဘာ့ခေါင်းဆောင်တွေမှာ ဘယ်နိုင်ငံ ခေါင်းဆောင်က လစာအများဆုံးလဲ



တစ်နှစ်လုံးမှ တစ်ဒေါ်လာပဲ ရယူတဲ့ ခေါင်းဆောင်ကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းကျော်အထိ ရနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ချို့ရဲ့ ရရှိလစာတွေအကြောင်း ပြောကြရအောင်ပါ။လူတိုင်းလိုလိုဟာ အခြားသူတစ်ယောက် တစ်လမှာ ဘယ်လောက် ၀င်ငွေ ရှိသလဲဆိုတာကို အနည်းနဲ့ အများ သိချင်ကြပါတယ်။ ဒီလို လစာနဲ့ ပတ်သက်ပြီး စပ်စုချင်ကြတာကို သမ္မတတွေ၊ ဝန်ကြီးချုပ်တွေလည်း မလွတ်ကြပါဘူး။ အမှန်တော့ နိုင်ငံခေါင်းဆောင်တွေရဲ့ ၀င်ငွေလစာနှုန်းထားဟာ လျှို့ဝှက်ချက်ကြီးတော့ မဟုတ်ပါ။
ကမ္ဘာပေါ်က တကယ့် သြဇာအာဏာ ပြည့်ဝတဲ့ သူတွေ ဘယ်လောက် ၀င်ငွေ ရှိကြသလဲဆိုတာကို စူးစမ်းကြည့်ကြပါစို့။
ဒေါ်နယ်ထရမ့်၊ အမေရိကန်သမ္မတ
အမေရိကန်ရဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်နှစ်မှ တစ်ဒေါ်လာပဲ ရယူသူပါ။ ထရမ့်ဟာ သမ္မတလစာ တစ်နှစ် ဒေါ်လာ လေးသိန်းကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်သမ္မတတွေရဲ့ လစာနှုန်းထားဟာ တစ်နှစ်ကို ဒေါ်လာ လေးသိန်းဖြစ်ပြီး တစ်လကို ဒေါ်လာ သုံးသောင်းသုံးထောင်ကျော်ဖြစ်ကာ တစ်နေ့မှ ကိုးဆယ်ငါး ဒေါ်လာပဲ ရရှိတာ ဖြစ်ပါတယ်။
ဒီလို ရရှိပေမယ့် ထရမ့်ဟာ ရာထူးတာဝန် ထမ်းဆောင်ချိန် ကာလအတွင်း တစ်နှစ်ကို တစ်ဒေါ်လာပဲ ရယူတာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပဒေအရ လုံးဝမယူဘဲ နေလို့တော့ မရတာကြောင့်ပါပဲ။ လက်ရှိ အမေရိကန်သမ္မတ ဖြစ်တဲ့ ထရမ့်ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ ဒေါ်လာ သုံးဘီလီယံ ရှိပါတယ်။ ဒါကြောင့်ပဲ ထရမ့်ဟာ သမ္မတ လစာကို မထုတ်ယူဘဲ နေနိုင်တာပါ။ ထရမ့်မတိုင်ခင်ကလည်း ဟာဘတ်ဟူးဗားနဲ့ ဂျွန်အက်ဖ်ကနေဒီတို့ဟာ လစာမဲ့ တာဝန်ထမ်းသွားကြတဲ့ သမ္မတတွေ ဖြစ်ပါတယ်။ တန်ဖိုးချင့်တွက်ရမယ်ဆိုရင်တော့ အမေရိကန်မှာ အလုပ်သမားတစ်ဦးရဲ့ အနည်းဆုံး လစာနှုန်းထားဟာ တစ်လကို ဒေါ်လာ ၁၁၆၀ ဒေါ်လာ ဖြစ်ပါတယ်။
ပတ်ထရိုပိုရိုရှန်ကို၊ ယူကရိန်း သမ္မတ
ယူကရိန်းသမ္မတကတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၂၂၂၀ ဝင်ငွေရရှိပါတယ်။ ဒါဟာ အချိုးချကြည့်မယ်ဆို တစ်လကို ၁၀၁၈ ဒေါ်လာနဲ့ တစ်ရက်စာ ဝင်ငွေက ၃၃ ဒေါ်လာ ဖြစ်ပါတယ်။ Forbe မဂ္ဂဇင်းအရတော့ သမ္မတ ပတ်ထရိုပိုရိုရှန်ကိုဟာ ယူကရိန်းမှာ ဆဌမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်းဖော်ပြထားချက်အရ သိရပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ သန်း နီးပါး ရှိနေပါတယ်။ ပြောကြဆိုကြတာတွေအရတော့ ၂၀၁၇ တစ်နှစ်လုံးအတွက် သူ့ရဲ့ တစ်နှစ်စာ လစာကို သမ္မတ ပိုရိုရှန်ကိုဟာ မရှိနွမ်းပါးသူတွေကို ပေးကမ်းလှုဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းမှာက ၀န်ထမ်းတစ်ဦးရဲ့ အနိမ့်ဆုံးလစာဟာ တစ်လကို ၁၃၃ ဒေါ်လာ ဖြစ်ပါတယ်။
ရှီကျင့်ဖျင်၊ တရုတ်သမ္မတ
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်ကတော့ တစ်နှစ်ကို ၂၀၅၉၃ ဒေါ်လာ ရရှိသူပါ။ တစ်လဆိုရင် ၁၇၁၆ ဒေါ်လာနဲ့ တစ်ရက်ဝင်ငွေဟာ ၅၆ ဒေါ်လာ ဖြစ်ပါတယ်။ ဒီလစာနှုန်းထားကို ၂၀၁၅ ခုနှစ်က စတင်ပြီး ရရှိတာဖြစ်ပါတယ်။ အဲဒီနှစ်မှ သမ္မတရဲ့ လစာကို ၆၂ ရာခိုင်နှုန်း တိုးမြှင့်ပေးလိုက်တာပါ။ေ ခါင်းဆောင် ရှီကျင့်ဖျင်ရယ်၊ ဇနီးနဲ့ သမီးဖြစ်သူတို့ရယ်ဟာ ဘယ်လို ကိုယ်ပိုင်စီးပွားရေးမှ မပိုင်ဆိုင်ကြပါဘူး။ ဒါပေမယ့် ရှီကျင့်ဖျင်ရဲ့ နီးစပ်တဲ့ ဆွေးမျိုးသားချင်းတွေရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကတော့ ဒေါ်လာ ၃၇၆ သန်း ရှိပါတယ်။ တရုတ်နိုင်ငံအကြောင်း ပြောမယ်ဆိုရင်တော့ တရုတ်ရဲ့ အနိမ့်ဆုံးလစာဟာ ပြည်နယ်အသီးသီးရဲ့ ဥပဒေကိုလိုက်ပြီး ဒေါ်လာ ၁၅၀ ကနေ ၃၀၀ အကြား ရှိနေတာ ဖြစ်ပါတယ်။
ဆော်လီနီအင်းနက်စတို၊ ဖင်လန်သမ္မတ
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံရဲ့ နှစ်ကြိမ်မြောက် ရွေးကောက်ခံ သမ္မတ နီအင်းနက်စတိုရဲ့ လစာနှုန်းထားဟာ တစ်နှစ်ကို ဒေါ်လာ ၁၄၆၇၀၀ ဖြစ်ပါတယ်။ တစ်လကို ၁၂၂၂၅ ဒေါ်လာနှုန်းနဲ့ တစ်နေ့စာအတွက် ၄၀၂ ဒေါ်လာနှုန်းထား ခံစားရတာ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ အနိမ့်ဆုံးလစာနှုန်းထားကို ဥပဒေနဲ့ သတ်မှတ်ပြဌာန်းပေးထားတာ မရှိပါဘူး။ ဒါပေမယ့် ကွဲပြားတဲ့ ရင်းမြစ်တွေအရတော့ အနည်းဆုံး လစာနှုန်းထားဟာ ဒေါ်လာ ၂၀၀၀ ဖြစ်တယ်လို့ ခန့်မှန်းချက် ချနိုင်ပါတယ်။
ဗလာဒီမာပူတင်၊ ရုရှသမ္မတ
ဂုဏ်သတင်းကြီးမားတဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာပေါ်မှာ သြဇာအာဏာအပြင်းဆုံး လူပုဂ္ဂိုလ်အဖြစ် ၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းက ဖော်ပြခံရသူပါ။ ပူတင်ရဲ့ သမ္မတ လစာဟာ တစ်နှစ်ကို ဒေါ်လာ ၁၅၁၀၃၂ ဒေါ်လာ ရှိပါတယ်။ တစ်လကို ၁၂၅၈၆ ဒေါ်လာနဲ့ တစ်နေ့ကို ၄၁၄ ဒေါ်လာ ပေးထားတဲ့ လစာနှုန်းထားပါပဲ။ ၂၀၁၅ ခုနှစ်မှာတော့ သမ္မတပူတင်ဟာ သူ့လစာရဲ့ ဆယ်ရာခိုင်နှုန်းကို လျှော့ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခုကာလမှာ ရုရှနိုင်ငံရဲ့ အနိမ့်ဆုံး လစာနှုန်းထားဟာ တစ်လ ဒေါ်လာ ၁၄၀ ဖြစ်ကြောင်း သိရပါတယ်။
ထရီဆာမေ၊ ဗြိတိန်ဝန်ကြီးချုပ်
နိုင်ငံကို တင်းကြပ်တဲ့ လုပ်နည်းကိုင်နည်းတွေနဲ့ ဦးဆောင်မှုပေးနေတဲ့ ဒီအမျိုးသမီးကြီးဟာ ၀န်ကြီးချုပ်အဖြစ် လစာနှုန်း တစ်နှစ် ဒေါ်လာ ၁၉၈၅၀၉ ဒေါ်လာ ရရှိခံစားရပါတယ်။ ဒီအတွက် တစ်လကို ၁၆၅၄၂ ဒေါ်လာနဲ့ တစ်ရက်ကို ၅၄၄ ဒေါ်လာ နှုန်းထားဖြစ်ပါတယ်။ ဖိနပ်ခရေဇီတစ်ဦးဖြစ်တဲ့ ထရီဆာမေဟာ ဖိနပ်တွေ တော်တော်များများကို ၀ယ်ယူစုဆောင်းထား သူပါ။ လိုအပ်ရင် ၀တ်ဆင်ဖို့ အံ့ကိုက်ဖြစ်မယ့် ဖိနပ်ကို ရှာရချိန် နည်းအောင်လည်း ဒီဖိနပ်တိုင်းကို တိုက်ရိုက်မြင်နိုင်တဲ့ ဘူးတွေထဲ ထည့်ထားတတ် သူပါပဲ။ ဗြိတိန်နိုင်ငံရဲ့ အနည်းဆုံးလုပ်ခဟာ တစ်လကို ၁၅၆၉ ဒေါ်လာနှုန်း ဖြစ်ပါတယ်။
အမ်မန်နျူရယ်မက်ခရွန်၊ ပြင်သစ်သမ္မတ
ပြင်သစ်ရဲ့ အသက်အငယ်ဆုံး သမ္မတရဲ့ လစာနှုန်းထားကတော့ တစ်နှစ်ကို ၂၁၁၅၃၀ ဒေါ်လာ ဖြစ်ပါတယ်။ ဒီအတွက် တစ်လနှုန်းထား ၁၇၆၂၈ ဒေါ်လာနဲ့ တစ်ရက်စာအတွက် ဒေါ်လာ ၅၈၀ ရရှိတာ ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲ မ၀င်မီက မက်ခရွန်ဟာ ဘဏ်လုပ်ငန်းနယ်ပယ်မှာ အလွန်ကို အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ‘ဘဏ္ဍာရေးနယ်ပယ်ရဲ့ မိုဇက်’လို့တောင် တင်စားအခေါ်ခံခဲ့ရသူပါ။ သူ့ရဲ့ လုပ်ငန်းတွေကနေ တစ်နှစ်ကို ဒေါ်လာ တစ်သန်းကျော် ၀င်ငွေရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ပြင်သစ်မှာ အနိမ့်ဆုံးလစာကတော့ တစ်လ ၁၇၅၈ ဒေါ်လာပဲ ဖြစ်ပါတယ်။
ဂျင်မီမိုရာလာ့စ်၊ ဂွါတီမာလာသမ္မတ
ဂွါတီမာလာရဲ့ သမ္မတဖြစ်တဲ့ ဂျင်မီမိုရာလာ့စ်ဟာ ဟာသသရုပ်ဆောင်ဆောင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတွေမှာ ဂွါတီမာလာဟာ သမ္မတလစာ အများဆုံး ပေးထာတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂျင်မီမိုရာလာ့စ်ရဲ့ တစ်နှစ်စာ သမ္မတ လစာဟာ ဒေါ်လာ ၂၃၁၀၀၀ ရှိပါတယ်။ တစ်လတာ လစာအနေနဲ့တော့ ဒေါ်လာ ၁၉၃၀၀ ဖြစ်ပြီး တစ်ရက်အခကြေးငွေဟာ ၆၃၄ ဒေါ်လာပဲ ဖြစ်ပါတယ်။ သမ္မတဖြစ်လာပြီးနောက်မှာ သူဟာ ရွေးကောက်ပွဲမဲဆွယ်စဉ်က ပေးထားတဲ့ ကတိကို ပြောထားတဲ့ အတိုင်း တည်ခဲ့ပါတယ်။ သူ့လစာရဲ့ ၆၀ ရာခိုင်နှုန်းကို မရှိနွမ်းပါးသူတွေကို ပေးကမ်းလှုဒါန်းခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဂွါတီမာလာရဲ့ အနည်းဆုံးလုပ်အားခဟာ တစ်လ ဒေါ်လာ ၂၀၀ ခန့် ဖြစ်ပါတယ်။
အိန်ဂျလာမာကဲလ်၊ ဂျာမနီဝန်ကြီးချုပ်
အိန်ဂျလာမာကဲလ်ရဲ့ လစာဟာ တစ်နှစ်ကို ဒေါ်လာ ၂၆၃၀၀၀ ရှိတာကြောင့် တစ်လစာ လစာကတော့ ၂၂၀၀၀ ဒေါ်လာဖြစ်ပြီး တစ်ရက်အတွက် ၇၂၀ ဒေါ်လာ ဖြစ်ပါတယ်။ သူဟာ အစိုးရက ချထားပေးတဲ့ ၀န်ကြီးချုပ် အိမ်တော်ရာမှာ မနေဘဲ ဘာလင်မြို့လယ်က ငါးထပ်တိုက်မှာ နေထိုင်နေသူလည်း ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ အနည်းဆုံး လုပ်ခလစာဟာ တစ်လ ၁၇၈၀ ဒေါ်လာ ဖြစ်ပါတယ်။
ဂျက်စတင်းထရူဒို၊ ကနေဒါဝန်ကြီးချုပ်
ကနေဒါဝန်ကြီးချုပ်ရဲ့ လစာဟာ တစ်နှစ်ကို ဒေါ်လာ ၂၆၇၄၁၅ ဖြစ်တာကြောင့် တစ်လ ၂၂၂၈၅ ဒေါ်လာနဲ့ တစ်နေ့စာအတွက် ၇၃၃ ဒေါ်လာ ရရှိခံစားရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သူဟာ ဘာဟားမားမှာ အပန်းဖြေအားလပ်ရက် ထွက်ခဲ့ရာမှာ ဒီကုန်ကျစရိတ်ကို သူ့မိတ်ဆွေ သန်းကြွယ်သူဌေး မင်းသား ကာရမ်အဂါခန်းက ကျခံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နိုင်ငံရေး အရှုပ်တော်ပုံတွေ ပေါ်ပေါက်စေပြီး ဘာဟားမားမင်းသားဟာ ကနေဒါက နိုင်ငံရေးအခင်းအကျင်းမှာ လွှမ်းမိုးလာမယ်လို့ ထင်ကြေးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ထရူဒိုက ဒီကိစ္စအတွက် တောင်းပန်ပြီး နောင်ပိုင်း ပိုမိုဂရုစိုက်ပါ့မယ်လို့ ကတိပေးခဲ့ရပါတယ်။ ကနေဒါရဲ့ အနိမ့်ဆုံး လုပ်အားခဟာ အသီးသီးသော ပြည်နယ်တွေရဲ့ ဥပဒေအပေါ်မှာ မူတည်ပေမယ့် ပျမ်းမျှအားဖြင့်တော့ တစ်လ ဒေါ်လာ ၁၄၀၀ ရှိပါတယ်။
မဲလ်ကွမ်တန်ဘော့လ်၊ သြစတြေးလျဝန်ကြီးချုပ်
သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်ဘော့လ်ဟာ တစ်နှစ်ကို ဒေါ်လာ ၄၀၃၇၄၅ ဒေါ်လာ ရတာကြောင်း တစ်လ ၃၃၆၄၅ ဒေါ်လာနဲ့ တစ်နေ့လုပ်ခ ၁၁၀၆ ဒေါ်လာ ရရှိတာ ဖြစ်ပါတယ်။
သူဟာ သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာသူ ဖြစ်ပေမယ့် ဒေါ်နယ်ထရမ့် လုပ်သလို လစာမယူတာမျိုး မလုပ်ဆောင်ပါဘူး။ သူဟာ ဘဏ်လုပ်ငန်းရှင်နဲ့ စီးပွားရေးသမားတစ်ဦးလည်းပဲ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်အားခကတော့ တစ်လကို ၁၉၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
ဒေါရစ်လူးသာ့၊ ဆွစ်ဇာလန်သမ္မတ
ဆွစ်ဇာလန်နိုင်ငံမှာ သမ္မတရာထူးဟာ ဂုဏ်ထူးဆောင် အဆောင်အယောင်မျှသာ ဖြစ်ပါတယ်။ သမ္မတကို ၀န်ကြီးတွေက တစ်နှစ်တာသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ကြတာပါ။
ဒေါရစ်လူးသာ့ဟာ တစ်နှစ်သာ သမ္မတသက်တမ်းကို နှစ်ကြိမ်မြောက် ရွေးကောက်ခံရသူပါ။ လစာနှုန်းအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၄၃၇၀၀၀ ဖြစ်ပြီး တစ်လ ၃၆၀၀၀ နဲ့ တစ်နေ့စာ လုပ်ခဟာ ဒေါ်လာ ၁၂၀၀ ဖြစ်ပါတယ်။ ဒီလစာနှုန်းထားအတိုင်း ၀န်ကြီးအားလုံးလည်း ရရှိတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ထားတာမျိုး မရှိပါဘူး။ နျူချာတဲလ်ဒေသမှာတော့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါကတော့ တစ်နာရီကို ဒေါ်လာ ၂၀ ဖြစ်ပါတယ်။
လီရှန်လွန်း၊ စင်ကာပူဝန်ကြီးချုပ်
လီရှန်လွန်းဟာ သူ့ဖခင် ၀န်ကြီးချုပ်ဟောင်း လီကွန်ယုနေရာကို ဆက်လက် အမွေခံရတာ ဖြစ်ပါတယ်။ လီကွန်ယုကတော့ စင်ကာပူကို တမတ်ဟုတ်ချင်း တိုးတက်အောင် စွမ်းဆောင်သွားတဲ့ နိုင်ငံဖခင်တစ်ဦးပါ။ သားဖြစ်သူ လီရှန်လွန်းကလည်း ဖခင်ရဲ့ ပေါ်လစီကို ဆက်လက်အကောင်အထည် ဖော်ပြပါတယ်။ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေမှာ လစာအများဆုံး ရရှိခံစားရသူ ဖြစ်ပါတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ သန်း ရရိသူပါ။ ဒီအတွက် တစ်လစာ လစာဟာ ဒေါ်လာ ၁၄၇၀၀၀ ဖြစ်ပြီး တစ်နေ့တာ ၀င်ငွေက ၇၃၅၀ ဒေါ်လာပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကတော့ ဒီလစာနှုန်းထားဟာ မျှတပြီး သဘာဝကျတယ်လို့ ယူဆလက်ခံထားပါတယ်။ နိုင်ငံအစိုးရအဖွဲ့ ၃၁ ဦးရဲ့ လစာအပါအ၀င် စုစုပေါင်း အစိုးရဘတ်ဂျက်ဟာ နှစ်စဉ် ဒေါ်လာ ၅၃ သန်း ရှိနေပါတယ်။ လီရှန်လွန်းရဲ့ လစာဟာ များပြားပေမယ့် အများပြည်သူ မကျေနပ်မှုတွေကြောင့် ၃၆ ရာခိုင်နှုန်း လျှော့ချခဲ့ရပါတတယ်။ ဒါတောင်မှပဲ စင်ကာပူဝန်ကြီးချုပ်ရဲ့ လစာဟာ ကနေဒါ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဘယ်ဂျီယံ၊ ရုရှနဲ့ သြစတြီးယားနိုင်ငံက ခေါင်းဆောင်တွေရဲ့ လစာထက် များပြားနေတုန်းပါပဲ။ စင်ကာပူမှာ အနိမ့်ဆုံး လစာကို ဥပဒေနဲ့ ကန့်သတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် တရားဝင်မဟုတ်တဲ့ အချက်အလက်တွေအရတော့ တစ်လကို ဒေါ်လာ ၁၀၀၀ ပျှမ်းမျှရှိကြောင်း သိရပါတယ်။
Rf; Bright Side
Writer_မောင်သံဆင့် ( Daily Hot News )

Comments

Popular posts from this blog

တရားစွဲပေမယ့် ဝေဠုကျော်ကိုနစ်နာစေလိုစိတ်မရှိပါဘူးဆိုတဲ့ သင်းသင်း

Mi acc ဖြုတ်ချနည်း