#Step(1)
ထိပ်ဆုံးမှာ နာမည်အရင်စရေးပါ။ ပြီးရင် အောက်မှာသင့်ကိုဆက်သွယ်ဖို့ လိပ်စာရေးမယ်။
ဥပမာ
Jay Kris
Building (4), Room (202), Aung Chan Thar (1) Street, Kamaryut Tsp,Yangon
Ph. No. 01……………., 09……………….
Email……………………………….
#Step(2)
ပြီးရင်တော့ လျှောက်ထားတဲ့ ရာထူးကိုရေးပေးရပါ့မယ်။ မျှော်မှန်းလစာကိုလည်း
ဖြစ်နိုင်ရင်ရေးပေးပါ။ Negotiable လို့တော့မရေးပါနဲ့။။ သင့်တန်ဖိုးကို သင့်ဘာသာ
နှိမ့်ချရာကျပါတယ်။ လစာအများကြီးလည်းမရေးပါနဲ့။ သင့်ကိုအလုပ်ခန့်ဖို့
ခက်ခဲသွားပါလိမ့်မယ်။
Applied Position – Marketing Manager
Expected Salary – …………………….
#Step(3)
ပြီးရင်တော့ သင့်အကြောင်းလေးနည်းနည်းရေးပေါ့။အသေးစိတ်ကြီး ခန္ဓာကိုယ်
အလေးချိန်တွေ အရပ်အမြင့်တွေလောက်တော့အသေးစိတ်ရေးဖို့မလိုပါဘူး။
အရေးကြီးတဲ့အချက်လေးတွေပဲ ရေးဖို့လိုပါတယ်။
Name —————–
Father’s name —————–
D.O.B —————–
N.R.C No ——————
Passport No ——————-
Religion ——————
Race ——————-
Marital Status ——————
စသဖြင့်ပေါ့။
#Step(4)
ပြီးရင်တော့ ပညာအရည်အချင်းပေါ့။ပညာအရည်အချင်းမှာကတော့ Academic
Education နဲ့ Non-Academic Education ဆိုပြီးနှစ်မျိုးဖော်ပြလို့ရပါတယ်။
Academic Education မှာတော့ အစိုးရကျောင်းတက်ခဲ့တာတွေ၊တက္ကသိုလ်
ကောလိပ်တက်ခဲ့တာတွေကို ဖော်ပြလို့ရပါတယ်။ Non-academic Education
မှာတော့သင်တက်ထားတဲ့အင်္ဂလိပ်စာသင်တန်းလက်မှတ်တွေ၊ကွန်ပျူတာသင်တန်းလက်မှတ်တွေ စသဖြင့်အကုန်ဖော်ပြလို့ရပါတယ်။
Academic Education
1998 to 2008 B.E.H.S (1) Sanchaung,Yangon
2009 to 2013 Government Technological College, Yangon (B.E Civil)
Non-Academic Education
Computer A+ certificate
British Council Upper Intermediate General English Course Certificate
စသဖြင့်ပေါ့။
#Step(5)
ပြီးရင်တော့ လုပ်ငန်းအတွေ့အကြုံကိုရေးပေးပါ။ ဘယ်မှာဘာတွေလုပ်ဖူးတယ်ပေါ့။
အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီနာမည်တွေ ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိ ဘာရာထူးနဲ့
လုပ်ခဲ့လဲဆိုတာတွေရေးလို့ရပါတယ်။ အတွေ့အကြုံမရှိသူများအနေနဲ့ စေတနာ့ဝန်ထမ်း
လုပ်ဖူးတာမျိုးရှိရင် ရေးလို့ရပါတယ်။
Experience
……………………………………………
……………………………………………..
#Step(6)
ပြီးရင်တော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရေးလို့ရပါတယ်။ ကိုယ်တစ်ကယ်ကျွမ်းကျင်တဲ့
အရာဆိုအပီအပြင်သာ ရေးပစ်လိုက်ပါ။
Skills
English – Fluent
Spanish – Studying
Typing Speed – 40 AWPM or (quick or very quick or normal)
Hard-working
Decisive
Team-player
စသဖြင့်ပေါ့။
#အရေးကြီးသောအချက်များ -ဘယ်တော့မှ CV ကို scanဖတ်ထားတာကြီးမပို့ပါနဲ့။ အင်တာနက်မှပို့မယ်ဆိုရင်
Microsoft word နဲ့ ဖြစ်ဖြစ် Excel နဲ့ဖြစ်ဖြစ် ရေးသားထားသော fileကိုပေးပို့နိုင်ပါတယ်။
အပြင်မှာဆိုရင်လည်း printထုတ်ပြီးပို့နိုင်ပါတယ်။
-လျှောက်ထားတဲ့ရာထူးပါအောင်ရေးပါ။ ဖြစ်နိုင်ရင် မျှော်မှန်းလစာပါထည့်ပါ။
ကိုယ့်တတ်ထားတဲ့ အရည်အချင်းတွေနဲ့ လုပ်မည့်အလုပ်အကိုင်ကိုလေ့လာပြီး
ပတ်ဝန်းကျင်မှာမေးမြန်းကာ သင့်တော်သောလစာကို ထည့်နိုင်ပါတယ်။
-သင့်ကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်တော့
ရေးဖို့မမေ့ပါနဲ့။
-ရှင်းရှင်းလင်းလင်းရေးသားပါ။ Font Designအလန်းတွေနဲ့ မျက်စိရှုပ်အောင်မလုပ်ပါနဲ့။
Bold တွေ Italicတွေကို လိုအပ်တဲ့နေရာမှာသာသုံးပါ။
-အရင်အလုပ်အတွေ့အကြုံအကြောင်း
အသေးစိတ်ရေးပေးပါ။
-ပရဟိတအဖွဲ့တွေမှာ Volunteerလုပ်ဖူးတယ်ဆိုရင်လည်းထည့်ရေးလို့ရပါတယ်။
-ဓာတ်ပုံတစ်ပုံထည့်ပေးပါ။ ဓာတ်ပုံကို CVရဲ့ အပေါ်ဆုံးညာဘက်ထောင့်မှာဖြစ်ဖြစ်
အပေါ်ဆုံးအလယ်မှာဖြစ်ဖြစ်ထည့်နိုင်ပါတယ်။
-English လိုရေးပါ။ အရေးအသားမှန်ကန်ပါစေ။
-Skill တွေကိုတော့ပါအောင်ရေးပေးပါ။ English လိုပြောနိုင်တယ်တို့ ၊အလုပ်ကြိုးစားတယ်တို့
အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တယ်တို့ ……….စသဖြင့်ပေါ့။
-အထက်ပါအချက်အလက်များအတိုင်း ပုံသေကားချပ်ရေးရမယ်လို့မဆိုလိုပါ။
အဓိကပါဝင်သင့်တဲ့အချက်တွေကိုဥပမာအဖြစ်သာဖော်ပြချင်းဖြစ်ပါတယ်။
ကိုယ့်ဘာသာစိတ်ကြိုက် CVတစ်စောင်ဖန်တီးနိုင်ပါတယ်။
အပေါ်ကအချက်တွေကတော့ မပါမဖြစ်ပါသင့်တဲ့အချက်များဖြစ်ပါတယ်။
CVကို၂မျက်နှာထက်ပိုမရေးပါနဲ့။
-Googleမှာလဲ CV formatတွေကိုရှာဖွေလို့ရပါတယ်။ ဒါပေမဲ့
ကိုယ့်ဘာသာကိုရေးတာကို ပိုအားပေးပါတယ်။
ဘာလို့လဲဆိုတော့အင်တာနက်မှာက CV formatတွေကအများကြီး။
အဲဒါတွေအားလုံးကိုကြည့်ပြီး ခေါင်းရှုပ်သွားမှာစိုးလို့ပါ။
ကိုယ့်ဘာသာကို ရှင်းရှင်းလင်းလင်းလေးနဲ့ အရေးကြီးတဲ့အချက်တွေပါအောင်
ရေးနိုင်ရင်ရပါပြီ။ စရေးကတည်းက သင့်CVကိုဖတ်ပြီးရင်သင့်ကိုအင်တာဗျူး
ခေါ်ကိုခေါ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီးရေးပါ။ အင်တာဗျူးခေါ်ရင်တော့
သင်အလုပ်ရဖို့တော်တော်လေးနီးစပ်သွားပါပြီ။
Credit :
မိုးရှင်း (I.M.T) ရေးပါသည်
Comments
Post a Comment