တစ်ခါတုန်းက ညစ်ပေပေကောင်လေးတစ်ယောက်ဟာ
မယောင်မလည် နဲ့ အရောင်အသွေးမျိုးစုံရှိတဲ့
ပန်းခင်းကြီးထဲကိုရောက်သွားတယ်
ပန်းဆိုတဲ့ အမည်နာမ်မကိုသူသိတယ်
ဒါပေမယ့်သေသေချာချာ မခံစားဖူးဘူး
ပန်းတစ်ပွင့်ရဲ့ ဂုဏ်အင်တွေဖွဲ့နွဲ့ခြင်းတွေကိုလည်း
သူကြားဖူးတယ် ...တကယ် လက်တွေ့ကြုံတော့
သူ အရူးအမူးကို ခံစားချင်စိတ်တွေပေါ်ပေါက်လာတယ်
ဒီလိုနဲ့ကောင်လေးဟာ သင်းရနံ့လှိုင်နေတဲ့
ပန်းခင်းထဲမှာမြူးတူးပျော်ပါးရင်း
တစ်နေရာအရောက်မှာ
အဖြူရောင်နှင်းဆီပန်းတစ်ပွင့်ကို နှစ်သက်မြတ်နိုးသွားတယ်
ဒါကြောင့် သူချိုးယူလိုက်တယ်...ပြီးတော့
နမ်းရှိုက်လိုက်တယ်
သူ့အာရုံ သူယစ်မူးမှုတွေကြောင့် သူခြေဖဝါးမှာ
နှင်းဆီဆူးလေးတစ်ချောင်းစူးနေတာ
လုံးဝကိုသတိမထားမိလိုက်ဘူး
သူပန်းအဖြူရောင်လေးမို့..သင်းပျံ့  ကြိုင်လှိုင်လို့
သူ့ရယူလိုစိတ်အပြည့်နဲ့ခူးယူရင်း
မိုးမလုံ လေမလုံ ဘယ်အရာမှအဆင်မပြေတဲ့
သူ့ အိပ်ယာ ထက်မှာ ထားလိုက်တယ်
အိပ်မက်တွေအလှဆုံးကိုခံစားတယ်
စိတိကူးတွေယဉ်ရင်း..မနက်ခင်းကိုနိုးထလာတယ်
သူ မြေပြင်ပေါ် ခြေ ချလိုက်တယ်
ဆစ်ကနဲ့ သူနာကျင်သွားတယ်
သေချာကြည့်လိုက်တယ်
သူ့မြတ်နိုးပါတယ်ဆိုတဲ့ ပန်းကလေးရဲ့ဆူးတစ်ခုပဲ
ဒါက သေးသေးလေးပါ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး
သူရဲ့ ကြမ်းတမ်းတဲ့ လုပ်မြဲလုပ်စဉ်တွေကို
ဖြည့်တင်းတယ် လုပ်ဆောင်တယ်
ဆူး စူးထားတဲ့ ခြေထောက်ကလည်း
တစ်နေ့တစ်ခြား နာကျင်လာတယ်
အဲ့အချိန်မှာ ကောင်လေးသိလိုက်ပြီ
ငါနာကျင်နေပြီ ငါ နူတ်မှရတော့မယ်မှန်း
ဒါကြောင့် ကောင်လေးဟာ ဆူးကိုထုတ်ဖို့
ထိကြည့်လိုက်တယ်
ထိရုံလေးထိကြည့်တာနဲ့တင်သူအရမ်းကိုနာကျင်သွားတယ်
သူ ဆွဲမနုတ်ရဲဘူး
တစ်ည ကျော်ဖြတ်လိုက်တယ်
မနက်မျက်လုံးပွင့်ချိန်မှာပဲ
ပိုပြီး နာကျင်စွာခံစားနေရမှန်းသိသာလာတယ်
ကောင်းလေးခေါင်းထဲပေါ်လာတယ်
အပ်နဲ့ထွင်းရမယ့်နေရာမှာပေါက်ဆိန်နဲ့မပေါက်ချင်နဲ့
သူအနာခံရတော့မယ်
ဒါနဲ့ပဲ အပ်တစ်ချောင်းမီးကင်လိုက်တယ်
စူးနေတဲ့ စူးကိုထုပ်ပြစ်ဖို့
သူ့ထက်မာကြောတဲ့ဆူးတစ်ချောင်းလိုနေပြီလေ
ကောင်လေး အတတ်နိုင်ဆုံးအဲ့ဆူးကိုနူတ်တယ်
ဖွဖွလေးမနာကျင်အောင်ပေါ့
အဲ့လိုနူတ်ရင်းအသဲခိုက်လွန်းလို့
ကောင်လေးမျက်ရည်ကျတယ်
ဒါပေမယ့် အဲ့ဆူးကို မကျိုးမပျက်အောင်သူဂရုစိုက်တယ်
သို့သော်လည်း သူဆွဲထုတ်လို့ပြီးဆုံးချိန်မှာ
အဲ့ဆူးက အပိုင်းအစ တွေနဲ့ပြတ်တောက်နေတယ်
ကောင်လေးအဲ့အရာလေးတွေကိုကိုင်ကြည့်ရင်း
သူ့အိပ်ယာထက်က ပန်းလေးကိုကြည့်လိုက်တယ်
ညှိုးနွမ်း ခြောက်သွေ့နေပြီလေ
သူသိလိုက်တယ် သူမခူးသင့်မှန်း မချိုးသင့်မှန်း
ဒါပေမယ့် ပြင်ခွင့်မရှိတဲ့ နိယာမ တွေလေ
ကောင်လေး ပန်းခင်းကြီးထဲပြေးဝင်သွားတယ်
ပန်းခြောက်လေးကိုကိုင်ရင်း
သင်းပျံ့နေတဲ့ ပန်းခင်းကြာထဲမှာပစ်ချလိုက်တယ်
စကားတစ်ခွန်းပြောဖို့သူကျောခိုင်းလိုက်တယ်
လေးလေးပင်ပင်ပြောလိုက်တယ်
ငါ့ရဲ့နာကျင်မှုကိုသိလိုက်ရချိန်မှာ
မင်းဟာသေဆုံးသွားရတယ်
မင်းက ပန်းတစ်ပွင့်လေ အဖြူစင်ဆုံးအနူးညံ့ဆုံးပေါ့
ငါ ဘာမှမတတ်တော့ဘူး
ဒါပေမယ့် ငါအကောင်းဆုံးလို့ထင်လို့
မင်းရဲ့ ဌာနေ မှာထားရစ်ခဲ့တယ်
အနည်းဆုံးတော့ မင်း မွှေးပျံ့  နိုင်ပါသေးတယ်...။
============================
ညစ်ပေတဲ့လက်ကြောင့်
အဖြူရောင်တွေစွန်းတယ်
အဖြူရောင် ကြောင့်ပဲ
ကိုယ့်ကိုယ်ကို ညစ်ပေနေမှန်းသိရတယ်။
အတွေးတစ်ခုခုရပါစေ။
# Creditဘာမထီဘွား...အတွေးစာစုလေးများ
Comments
Post a Comment